top of page

"U PE THEIN 90th Anniversary Exhibition"

(1st to 3rd February, 2014)

This Exhibition is held in commemoration of Cartoonist Pe Thein’s 90th birthday anniversary organized by his family and fellow cartoonist friends including well known Cartoonist APK. The Exhibit will be held at Gallery 65 from the 1st to 3rd of February, 2014. The proceeds from the sale of original illustrations, cartoons, prints and memorabilia will all be donated towards setting up the Cartoon Pe Thein Foundation which will help fund humanitarian projects and also assist in promoting future cartoon exhibitions and activities in Myanmar.

The Exhibit will feature over 100 exhibit pieces dating back to 1946 when Pe Thein made his debut as a freelance cartoonist up until the late 1990s. The selected works presented will feature political cartoons Pe Thein drew during this period spanning over 50 years.

Pe Thein was born in 1924 and started his professional career in 1946 at the young age of 22. He suffered a stroke at the age of 75 and passed away in 2009 at the age of 86. Today, Pe Thein is well remembered in Myanmar as one of the best political cartoon satirists.

နိုင်ငံရေးကာတွန်းဆရာ တစ်ဦးဖြစ်သည့် ကာတွန်းဖေသိန်း၏ နှစ်(၉၀)ပြည့် အမှတ်တရပြပွဲကို ကာတွန်း ဖေသိန်း၏ မိသားစုများနှင့် ကာတွန်းဆရာကြီးများ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် တင်ဆက် ပြသမည် ဖြစ်သည်။ ယင်းပြပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ဒဂုံမြို့နယ်ရှိ ယောမင်းကြီးလမ်း Gallery 65 တွင် ကျင်းပမည်ဖြစ်ကြောင်း ကာတွန်းဖေသိန်း၏သမီးဖြစ်သူ မဇွန်ပွင့်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်မတို့အဖေရဲ့မွေးနေ့ပွ

ဲကို အသက် ၇၀ ကတည်းက ဆက်တိုက် ကျင်းပလာခဲ့တာပါ။ ကျင်းပလာတယ် ဆိုတာကလည်း အခုလိုမျိုး ကာတွန်းပြပွဲအနေနဲ့ ကျင်းပလာတာ မဟုတ်ပါဘူး။ အိမ်မှာပဲ ကာတွန်းဆရာ တွေ ဖိတ်ခေါ်ပြီး ကျင်းပတာပဲ ရှိခဲ့တာပါ” ဟု ပြောသည်။ ယင်းကာတွန်းပြပွဲ နှစ်(၉၀)ပြည့်တွင် မိသားစု များနှင့် ကာတွန်းဆရာများ စုပေါင်းပြီး ကာတွန်းဖေသိန်း ဖောင်ဒေးရှင်းကို တည်ထောင်ကြမည်ဖြစ်သည်။

ယင်းဖောင်ဒေးရှင်း ထူထောင်ပြီးပါက ပရဟိတလူမှုအဖွဲ့အစည်းများကို လှူဒါန်းမည့်အပြင် ကာတွန်းပြပွဲ များတွင်လည်း လှူဒါန်းသွားမည်ဖြစ်သည်။

အဆိုပါကာတွန်းပြပွဲတွင် ကာတွန်းဖေသိန်း ကာတွန်းလောကထဲ စတင်ဝင်ရောက်သည့် ၁၉၄၆ ခုနှစ်မှ စတင်ကာ ၁၉၉၈ ခုနှစ်အထိ ရေးဆွဲလာခဲ့သည့် နိုင်ငံရေး ကာတွန်းများကို ပြသမည် ဖြစ်သည်။ ယင်း ကာတွန်းအများစုတွင် ကာတွန်းဆရာကြီးများ ဖြစ်ကြသည့် ရွှေမင်းသား၊ မောင်မောင်အောင်၊ အော်ပီကျယ် နှင့် ၀င်းအောင် စသည်တို့သည် ကာတွန်းဖေသိန်း၏ ကား ၁၀၀ ကျော်ကို ရွေးချယ်ကာ ကာတွန်းပြပွဲတွင် ပြသမည် ဖြစ်ကြသည်။

ကာတွန်းဖေသိန်းသည် ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၄၆ ခုနှစ် အသက် ၂၂ နှစ်တွင် ကာတွန်းများကို စတင်ရေးဆွဲခဲ့သူ ဖြစ်သည်။ ယင်းအသက် ၇၅ နှစ်တွင် လေဖြတ်ကာ ၂၀၀၉ ခုနှစ် အသက် ၈၆ နှစ်တွင် သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် နိုင်ငံရေးကာတွန်းရေးဆွဲခဲ့သည့် ကာတွန်း ဆရာတစ်ဦးဖြစ်သည်။

 

https://www.facebook.com/events/277109759105427/?ref_newsfeed_story_type=regular

http://moemaka.blogspot.com/2014/02/blog-post_5179.html

http://myanmar.mmtimes.com/index.php/timeout/8960-2014-02-05-09-52-44.html

https://www.youtube.com/watch?v=8WLmFxFRZvQ

https://www.youtube.com/watch?v=RSTzvlTWpII

  • Facebook App Icon
  • Twitter App Icon
  • YouTube Classic

Follow us on

bottom of page